-
မိတ်ဆက်စာ
-
သုတ္တန်ပိဋကတော်
သုတ္တန်ပိဋကတော်သည် ပိဋကသုံးပုံ၏ ပထမပုံဖြစ်၍ ရှေးအကျဆုံးဗုဒ္ဓကျမ်းဂန်များတွင် ပါဝင်သည်ဟု ကမ္ဘာ့ပညာရှင်အများစုက တညီတညွတ်တီး လက်ခံထားသော စာပေကျန်းဂန်တို့ ဖြစ်ပါသည်။ သုတ္တန်ပိဋကတော်ကို ထက်မံ၍ အစုငါးစု ခွဲကာ နိကာယ်ငါးစုဟု ဖွဲ့စည်းထားပါသည်။ ယင်းတို့မှာ ဒီဃနိကာယ် (Long Discourses)၊ မဇ္ဈိမနိကာယ် (Middle length Discourses)၊ သံယုတ္တနိကာယ် (Connected Discourses)၊ အင်္ဂုတ္တိုရနိကာယ် (Numerical Discourses)၊ ခုဒ္ဒကနိကာယ် (Miscellaneous Discourses) ဟူ၍ခေါ်ဆိုပါသည်။ ခုဒ္ဒကနိကာယ်အောက်တွင် ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ ဥဒါန်း စသည်ဖြင့် ၁၈စု ထက်မံ၍ ခွဲထားပါသည်။
ယင်းတရားတော်များကို ဗုဒ္ဓကိုယ်တော်တိုင်နှင့် သာဝကကြီးများ ဟောကြားခဲ့၍ အရှင်အာနန္ဒာက အမှတ်ရကာ ပြန်လည်ဟောကြားခြင်းကို မှတ်တန်းတင်ထားခြင်း ဖြစ်ပါသည်။ ယင်းသုတ်များတွင် အကြောင်းအရာအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားများပါမက မိတ်ဆွေကောင်းအကြောင်း (အန ၄.၃၈, အန ၄.၇၃, အန ၇.၃၅, မန ၁၁၀, သနပ ၂.၃)၊ မိသားစုသာယာရေး (အန ၄.၅၅, ဒန ၃၁)၊ စီးပွားဥစ္စာတိုးတက်ခြင်း၏ အကြောင်း (အန ၃.၄၉, အန ၄.၂၅၅, အန ၈.၅၄)၊ စီးပွားဥစ္စာရှိခြင်း၏အကျိုး (အန ၅.၄၁)၊ ပေးကမ်းခြင်း၏အကျိုး (အန ၃.၅၈, အန ၅.၃၄, အန ၅.၃၇, သန ၄၂.၉)၊ စိတ်တိုတက်ခြင်း၏ ဆုံးရှုံးမှု (အန ၇.၆၀)၊ သေဆုံးခါနီးသူအား နှစ်သိမ့်နည်း (သန ၅၅.၅၄)၊ ကျန်ရစ်သူဆွေမျိုးများအား နှစ်သိမ့်နည်း (အန ၅.၄၉, သနပ ၃.၈) စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ ဗုဒ္ဓ၏ ၄၅နှစ်မျှဒေသစာရီ လှည့်လည်ရာခရီးတွင် တရားနာခွင့် ဆွေးနွေးခွင့် ရခဲ့ကြသောသူတို့မှာ ရဟန်းများပါမက တောင်သူလယ်သမားများ၊ ကုန်သည်များ၊ အတွေးအခေါ်ရှင်များ၊ အခြားဘာသာဝင် ရဟန်းများ၊ အထက်တန်းအလွှာ ပုဏ္ဏားများ (ဗြဟ္မဏ) နှင့် အုပ်ချုပ်သူမင်းများထိ အလွှာစုံပါရှိပါသည်။
မည်သို့စတင် လေ့လာမည်နည်းထက်ဆင့် အခေါက်ပြန်ကြော့ထားသော စာကြောင်းများဗုဒ္ဓခေတ်ယဉ်ကျေးမှုနောက်ခံသုတ္တန်ပိဋကတော် နံပတ်စဉ်နှင့် အတိုခေါက်များသုတ္တန်ပိဋကတော် မြန်မာပြန်သုတ်မိတ်ဆက်စာများမှတ်စုများ